PADC-11 Flutter FTC
Flutter Development
Class Description
Flutter Full-Terms Course မှာ ပါဝင်မဲ့ Course-work တွေရဲ့ အသေးစိတ်ကတော့
- Flutter Development မှာ UI Layer အပိုင်းအတွက် မဖြစ်မနေ ကျွမ်းကျင်နေဖို့ လိုအပ်တဲ့ UI Widget တွေနဲ့ Layout Widget တွေ
- Dart Programming Language ရဲ့ အခြေခံ Building Block တွေနဲ့ Iterable, Collections, Futures, Steams, Async / Await စတဲ့ Dart ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေ
- တည်ဆောက်ထားတဲ့ UI Layer မှာ Data Layer, Network Layer နဲ့ Persistence Layer တို့ Setup ပြုလုပ်နိုင်မဲ့ ပုံစံတွေ
- Reactive Programming Concept ကို Dart + Flutter မှာ အသုံးပြုနိုင်မဲ့ ပုံစံတွေနဲ့ RxDart နဲ့ ပတ်သတ်တဲ့ အပိုင်း အသေးစိတ်
- Professional Flutter Development တွေမှာ အသုံးပြုနိုင်မဲ့ State Management ပုံစံတွေနဲ့ BLOC, Redux, MVI စတဲ့ Architecture ပုံစံတွေ
- Professional UI တွေ တည်ဆောက်ရာမှာ အသုံးပြုနိုင်တဲ့ Resuable Custom View အမျိုးမျိုး တည်ဆောက်ပုံ အပိုင်းတွေ
- တည်ဆောက်နေတဲ့ Mobile App ရဲ့ Backend အနေနဲ့ အသုံးပြုနိုင်မဲ့ Firebase ရဲ့ Product အမျိုးမျိုးကို Flutter Development မှာ အသုံးပြုနိုင်မဲ့ ပုံစံတွေ
- Google Play Services တွေကို Flutter Development မှာ အသုံးပြုနိုင်မဲ့ ပုံစံတွေနဲ့ local / cloud-based notification တွေ setup ပြုလုပ်ပုံတွေ
- Flutter မှာ အသုံးပြုနိုင်မဲ့ Implicit-Animations, TweenAnimationBuilder နဲ့ Built-in Explicit Animations အပိုင်းတွေ ပါဝင်မှာ ဖြစ်ပါတယ် ။
ဒါ့အပြင် မိတ်ဆက်အနေနဲ့ Flutter Development ရဲ့ Advanced အပိုင်းတွေ ဖြစ်တဲ့ Test Automation အပိုင်း ၊ Build Configuration တွေ setup ပြုလုပ်ပုံအပိုင်း နဲ့ Android နဲ့ iOS App တွေကို Internal Release တွေ ပြုလုပ်နိုင်မဲ့ အပိုင်းတွေအတွက် Lecture တွေလည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ် ။
Modules 4
Duration: 6 Months 2 Weeks
Setting up Screens & UI Components in Flutter
ဒီ Module မှာတော့ Flutter နဲ့ ပတ်သတ်တဲ့ Fundamental အစိတ်အပိုင်းတွေနဲ့ Widget တွေကို အသုံးပြုပြီး Industry-Level UI Screen တွေ တည်ဆောက်နိုင်မဲ့ ပုံစံတွေကို လေ့လာသွားပါမယ် ..
Getting To Know Dart
Dart Programming Language နဲ့ ပတ်သတ်ပြီး အခြေခံကျကျ နားလည်နေဖို့ လိုအပ်မဲ့ အစိတ်အပိုင်းတွေ ၊ Functional Programming နဲ့ ပတ်သတ်တဲ့ အစိတ်အပိုင်း တွေ ၊ Dart Programming Language ရဲ့ သီးသန့် အားသာချက်တွေကို လေ့လာသွားမှာ ဖြစ်ပါတယ် ။
View (UI) Layer in Flutter : the Movie App
Flutter ကို အသုံးပြုပြီး Industrial Level UI Component တွေ Screen တွေ တည်ဆောက်နိုင်မဲ့အပိုင်း Part-1 ကို စတင်လေ့လာသွားပါမယ်
Data Layer, Network Layer & Persistence Layer
ဒီ Module မှာတော့ Flutter App တစ်ခုမှာ Data Layer, Network Layer နဲ့ Persistence Layer တွေကို စနစ်ကျကျ တည်ဆောက်နိုင်မဲ့ ပုံစံတွေကို လေ့လာသွားမှာ ဖြစ်ပါတယ် ။