Home > Classes > PADC-11 iOS FTC

PADC-11 iOS FTC

iOS Development

Class Description

iOS Full-Terms Course မှာ ပါဝင်မဲ့ Course-work တွေရဲ့ အသေးစိတ်ကတော့

- XCode နဲ့ iOS ရဲ့ အခြေခံ UI Component တွေဖြစ်တဲ့ ScrollView, AutoLayout, CollectionView, TableView စတာတွေ

- Swift Programming Language တွေ အခြေခံ building block တွေနဲ့ Functional Programming Aspects အရ ပါဝင်လာတဲ့ nested function လို closure လို powerful ဖြစ်တဲ့ higher order function အပိုင်းတွေ

- Custom View အမျိုးမျိုး တည်ဆောက်ပုံ အပိုင်းတွေ

- Networking Layer, Persistence Layer နဲ့ MVP (MVC မဟုတ်ပါ) လို Redux လို Architecture Pattern မျိုးတွေကို iOS development / code base မှာ setup ပြုလုပ် အသုံးပြုပုံတွေ

- Reactive Programming ရဲ့ concept တွေနဲ့ RxSwift ကို အသုံးပြုပုံ အပိုင်း

- Firebase ၊ Google Play Services တွေနဲ့ local / cloud-based notification တွေ setup ပြုလုပ်ပုံ

- Animation အပိုင်း ၊ Test Automation အပိုင်း ၊ Build Configuration တွေ setup ပြုလုပ်ပုံ အပိုင်း ၊ - Test-Flight ကို အသုံးပြုပြီး internal release တွေ setup ပြုလုပ်ပုံနဲ့ ကိုယ်အောင်အောင်မြင်မြင် ရေးထားတဲ့ App တစ်ခုကို App Store မှာ တင်နိုင်ဖို့ အပိုင်းတွေ ပါဝင်မှာ ဖြစ်ပါတယ် ။

ဒီအပေါ်က module တွေ အကုန်လုံးကို Swift 5.1 ကို အသုံးပြုပြီး သင်ကြားသွားမှာ ဖြစ်ပါတယ် ။ IDE အနေနဲ့လဲ Module တိုင်းကို တတ်နိုင်သမျှ XCode 12.2 ကို သုံးပြိး သင်ကြားပေးသွားနိုင်ဖို့ ပြင်ဆင်နေပါတယ် ။

Swift UI နဲ့ Fully Functional ဖြစ်တဲ့ App တစ်ခု တည်ဆောက်နိုင်တဲ့ အထိ သင်ကြားသွားမှာ ဖြစ်ပြီး

iPad App ကို Mac မှာ run နိုင်ဖို့ porting လုပ်တဲ့ အပိုင်း စတဲ့ WWDC 2020 မှာ introduce သွားတဲ့ Cool APIs တွေကိုလဲ မိတ်ဆက်ပေးသွားဖို့ စီစဉ်ထားပါတယ် ။

300, 000 MMK

Modules 13

Duration: 6 Months 2 Weeks

13
0

Getting Started for iOS Development

4 Videos 2 Lives 0 Article

ဒီ Module မှာတော့ iOS Development အပိုင်းကို စတင် ထိတွေ့နိုင်ဖို့ အသုံးပြုရမဲ့ Xcode IDE ကို နားလည်နိုင်ဖို့နဲ့ Project အသစ်တစ်ခု တည်ဆောက်နိုင်ဖို့ အပိုင်း ၊ တည်ဆောက်ထားပြီးသား Project ကို Run နိုင်ဖို့ အပိုင်းတွေကို လေ့လာသွားပါမယ် ။ 

Introduction to Swift

5 Videos 0 Live 1 Article

Swift နဲ့ပတ်သတ်ပြီး အခြေခံကျကျ နားလည်နေဖို့ လိုအပ်မဲ့ Data Type တွေ Control တွေကအစ Functional Programming အတွက် Swift မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့ Closure အထိကို လေ့လာသွားမှာ ဖြစ်ပါတယ် ။

Basic UI Components

6 Videos 1 Live 0 Article

iOS App တစ်ခုမှာ ပါဝင်တဲ့ Screen တွေကို Implement ပြုလုပ်နိုင်ဖို့ နားလည်ထားဖို့ လိုအပ်မဲ့ Basic UI Components တွေကို လေ့လာသွားပါမယ် ။

View (UI) Layer in iOS : the Movie App

18 Videos 3 Lives 1 Article

iOS ကို အသုံးပြုပြီး Industrial Level UI Component တွေ Screen တွေ တည်ဆောက်နိုင်မဲ့အပိုင်း ကို စတင်လေ့လာသွားပါမယ် 

SP : View (UI) Layer in iOS : the Movie Booking App

0 Video 0 Live 0 Article

The Movie App ကို အခြေခံပြီး လေ့လာထားတဲ့ View (UI) Layer အတွက် Screen တည်ဆောက်တဲ့အပိုင်း ၊ Screen မှာ ပါဝင်တဲ့ Section တွေ တည်ဆောက်တဲ့ အပိုင်းတွေကို ကို အသုံးပြုပြီး the Movie Booking App ရဲ့ View (UI) Layer အပိုင်းတွေကို Student Project  အနေနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ် ။

Test Automation in iOS

12 Videos 4 Lives 4 Articles

Test Automation အပိုင်းမှာ

  1. Unit Testing with XCTest Framework
  2. UI Testing with XCTest Framework

Custom Views in iOS Development

16 Videos 0 Live 0 Article

Custom View နဲ့ ပတ်သတ်တဲ့ အပိုင်းမှာ ပါဝင်မဲ့ အစိတ်အပိုင်းတွေကတော့ 

  1. Extension ကို အသုံးပြုပြီး Custom View တွေ တည်ဆောက်တဲ့ အပိုင်း
  2. Custom View တွေကို Complex List တွေ ပြန်လည်အသုံးပြုမှုနဲ့ ပတ်သတ်တဲ့အပိုင်းတွေ ပါဝင်မှာ ဖြစ်ပါတယ် ။

Monthly Tutorial - the Movie App

0 Video 0 Live 1 Article

July  လ အတွက် Monthly Tutorial မှာတော့ the Movie App ကို Reactive MVP ပုံစံနဲ့ codebase မှာ layer တွေ ခွဲပြီး ရေးသား သွားရမှာ ဖြစ်ပါတယ် ။ 

 

ဒါ့အပြင် ရှေ့မှာ လေ့လာခဲ့တဲ့ Test Automation အပိုင်း ၊ Custom Component အပိုင်းတွေကိုလဲ ထည့်သွင်းရေးသားသွားရမှာ ဖြစ်ပြီး API တွေကိုတော့ https://www.themoviedb.org/ က API တွေကို Application ထဲမှာ Access ပြုလုပ် အသုံးပြုသွားမှာ ဖြစ်ပါတယ် ။

Setting up Build Configuration & Xcode Shortcuts

11 Videos 0 Live 1 Article

Setting up Build Configuration & Xcode Shortcut Module မှာတော့ 

  • Codebase တစ်ခုတည်းမှာ Different Server ခွဲထုတ်တာတွေ ၊ မတူညီတဲ့ အလုပ်လုပ်ပုံတွေကို Build Flavor ခွဲထုတ်တာတွေကို Setup ပြုလုပ်နိုင်မဲ့ ပုံစံတွေ
  • Xcode ကို Effective ဖြစ်ဖြစ် အသုံးပြုနိုင်ဖို့ Shortcut တွေနဲ့ Trick တွေကို 

လေ့လာသွားမှာ ဖြစ်ပါတယ် ။

Swift UI

37 Videos 0 Live 0 Article

ဒီ Module မှာတော့ Swift UI အပိုင်းကို အခြေခံကစပြီး Production Screen တစ်ခုကို Swift UI နဲ့ တည်ဆောက်နိုင်လောက်တဲ့ အခြေအနေအထိ လိုအပ်တဲ့ အပိုင်းတွေ အကုန်လုံးကို လေ့လာသွားမှာ ဖြစ်ပါတယ် ။

Monthly Tutorial - the Podcast App

0 Video 0 Live 3 Articles

August  လ အတွက် Monthly Tutorial မှာတော့ the Podcast App ကို Reactive MVP ပုံစံနဲ့ codebase မှာ layer တွေ ခွဲပြီး ရေးသား သွားရမှာ ဖြစ်ပါတယ် ။ 

Notification in iOS

11 Videos 0 Live 0 Article

ဒီ Module မှာတော့ iOS မှာ Different Notification Type တွေ Setup လုပ်တဲ့အပိုင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ။

Deep Dive into Firebase (iOS)

37 Videos 0 Live 1 Article

Production App အများစုမှာ အသုံးပြတဲ့ Firebase ရဲ့ အစိတ်အပိုင်းတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ။

  • Introduction to Firebase
  • Firebase Installation & Configuration
  • Data Storage with Real-Time Database & Cloud Firestore.
  • Authentication using Firebase.
  • Setting up Notification and Firebase Cloud Messaging.