Featured Article

Ko Aung Pyae Phyo
Software(Product) တစ်ခုရဲ့ Usability ဆိုတာနဲ့ ၎င်းကို Testing ပြုလုပ်ခြင်းအပိုင်း
UX ကောင်းတယ် လို့ သတ်မှတ်ကြတဲ့ Software (Product) တွေမှာ ပထမဦးဆုံး မြင်တွေ့ရတဲ့ အချက်က Usability ဖြစ်ပါတယ် ။ အကြမ်းဖျဥ်းပြောရရင်တော့ "ဘယ်လောက် သုံးရတာ လွယ်လဲ” ဆိုပါတော့ ။ ဒီအပိုင်းကို တိုင်းတာနိုင်ဖို့ “ဘာအတွက် သုံးချင်တာလဲ” ဆိုတာကိုလဲ ထည့်စဥ်းစားဖို့ လိုပါလိမ့်မယ် ။ ဥပမာ Taxi ငှားချင်တာလား ၊ ကိုယ့် Social Network ထဲကနေတဆင့် ပိုက်ဆံ ချေးချင်တာလား ၊ Gas မှာ ချင်တာလား ၊ Tutor ရှာချင်တာလား စသည်ဖြင့် ဆိုပါတော့။ ဒီ “ဘာအတွက်” ဆိုတာကို အခြေခံပြီး ဒါ အကောင်အထည်ဖော်နိုင်ဖို့ Software ကို အသုံးပြုပြီး “ဘာတွေ လုပ်ရမယ်” ဆိုတဲ့ Task တွေကို သတ်မှတ်ကြပါတယ် ။ ဒီ Task တွေမှာ Step-by-Step လုပ်ရတာတွေ ပါဝင်သလို ၊ သီးသန့်စီ လုပ်ရတာတွေလည်း ပါဝင်ပါတယ် ။
Our Classes
Free Support
တစ်ချို့ Module တွေ၊ Content တွေကို ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ဝယ်ယူစရာမလိုဘဲ Free လေ့လာလို့ရတာ
Online Learning
Pre-recorded Video, Written Content နဲ့ အကြောင်းအမျိုးမျိုးကြောင့် မ join ဖြစ်တဲ့ Live Session တွေကို မိမိအဆင်ပြေတဲ့အချိန်မှာ Online ကနေပြန်လေ့လာနိုင်တာ
Best Teacher
သင်ခန်းစာတစ်ခုချင်းမှာ ကျောင်းသား၊သူတွေ ဆွေးနွေးမေးမြန်းလိုတာတွေကို တိုက်ရိုက်မေးမြန်းနိုင်တဲ့ ဆရာ၊ဆရာမတွေ
Our Lecturers
Ko Ye Paye Sone Tun
Designer at MM Digital SolutionsPADC က မိတ်ဆက်ပေးချင်တဲ့ နောက်ထပ် Lecturer တစ်ယောက်ကတော့ ကိုရဲပြည့်စုံထွန်း ဖြစ်ပါတယ် ။ သူကတော့ Batch-9 ရဲ့ Android FTC မှာ ၁) အခြေခံကျကျ ကြေကြေညက်ညက် ကျွမ်းကျင်နေဖို့ လိုအပ်တဲ့ Component အမျိုးအစား ၇ ခု အပိုင်း ၊ ၂) MVP Framework ကို ဘာကြောင့် အသုံးပြုသင့်တယ် ဆိုတာနဲ့ setup ပြုလုပ် အသုံးပြုပုံ အပိုင်း ၊ ၃) ပုံစံမျိုးစုံနဲ့ ရှိနေတဲ့ Google Play Servicesတွေ အပိုင်းနဲ့ ၄) Google Play Developer Console ကို အသုံးပြုနိုင်မဲ့ ပုံစံ အပိုင်း တွေကို Course Creator ကိုအောင်ပြည့်ဖြိုး အတူ တွဲဖက်ပြီး ပါဝင် သင်ကြားသွားမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူက Android Development အတွက် Latest Trends တွေဖြစ်တဲ့ Jetpack Compose လို ၊ download ဆွဲစရာမလိုဘဲ စမ်းအသုံးပြုနိုင်တဲ့ Instant App တည်ဆောက်မှုအပိုင်းနဲ့ ပတ်သတ်တာတွေမှာပါ အခြား Lecturer တွေနဲ့ အတူ ပါဝင်မျှဝေ ပေးသွားဦးမှာပါ ။
Ko Aung Ko Ko Thet
Mobile Developer at MM Digital Solutionsကိုအောင်ကိုကိုသက်ဟာ ကိုယ်တိုင်က PADC Android Course ကနေ Outstanding အဖြစ်နဲ့ သင်တန်းဆင်းခဲ့သူဖြစ်ပြီး လက်ရှိ @MM Digital Solutions Company မှာ Android App တွေ iOS App တွေကို အဓိကထားရေးသားရတဲ့ Mobile Developer တစ်ယောက်အနေနဲ့ လုပ်ကိုင်နေသူဖြစ်ပါတယ် ။
Ko Thet Tun
Full Stack Developer at MM Digital Solutionsကိုသက်ထွန်းက iOS FTC မှာ Swift ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဖို့ အပိုင်း ၊ iOS Persistence Layer တစ်ခု တည်ဆောက်မှု အပိုင်းနဲ့ ရှိနေတဲ့ option တွေ ၊ Local Notification populate လုပ်တဲ့ အပိုင်းနဲ့ cloud messaging အပိုင်း တွေ ၊ XCTest Framework ကို အသုံးပြုပြီး iOS development အတွက် Unit Testing / UI Testing တွေကို automate ပြုလုပ်ပုံ အပိုင်းတွေ နဲ့ ကိုယ်ရေးထားတဲ့ iOS App တစ်ခုကို App Store မှာ publish လုပ်နိုင်ဖို့ အပိုင်း ဆောင်ရန် ရှောင်ရန် တွေကိုပါ ပါဝင် သင်ကြားသွားမှာ ဖြစ်ပါတယ်။ ဒါ့ပြင် သူက ပြီးခဲ့တဲ့ WWDC မှာ ကြေငြာသွားတဲ့ Swift UI အပိုင်း App Porting အပိုင်းတွေမှာပါ ပါဝင် မျှဝေပေးသွားမှာဖြစ်ပါတယ် ။