Ko Ye Paye Sone Tun
Designer at MM Digital SolutionsPADC က မိတ်ဆက်ပေးချင်တဲ့ နောက်ထပ် Lecturer တစ်ယောက်ကတော့ ကိုရဲပြည့်စုံထွန်း ဖြစ်ပါတယ် ။ သူကတော့ Batch-9 ရဲ့ Android FTC မှာ ၁) အခြေခံကျကျ ကြေကြေညက်ညက် ကျွမ်းကျင်နေဖို့ လိုအပ်တဲ့ Component အမျိုးအစား ၇ ခု အပိုင်း ၊ ၂) MVP Framework ကို ဘာကြောင့် အသုံးပြုသင့်တယ် ဆိုတာနဲ့ setup ပြုလုပ် အသုံးပြုပုံ အပိုင်း ၊ ၃) ပုံစံမျိုးစုံနဲ့ ရှိနေတဲ့ Google Play Servicesတွေ အပိုင်းနဲ့ ၄) Google Play Developer Console ကို အသုံးပြုနိုင်မဲ့ ပုံစံ အပိုင်း တွေကို Course Creator ကိုအောင်ပြည့်ဖြိုး အတူ တွဲဖက်ပြီး ပါဝင် သင်ကြားသွားမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူက Android Development အတွက် Latest Trends တွေဖြစ်တဲ့ Jetpack Compose လို ၊ download ဆွဲစရာမလိုဘဲ စမ်းအသုံးပြုနိုင်တဲ့ Instant App တည်ဆောက်မှုအပိုင်းနဲ့ ပတ်သတ်တာတွေမှာပါ အခြား Lecturer တွေနဲ့ အတူ ပါဝင်မျှဝေ ပေးသွားဦးမှာပါ ။
Ko Aung Ko Ko Thet
Mobile Developer at MM Digital Solutionsကိုအောင်ကိုကိုသက်ဟာ ကိုယ်တိုင်က PADC Android Course ကနေ Outstanding အဖြစ်နဲ့ သင်တန်းဆင်းခဲ့သူဖြစ်ပြီး လက်ရှိ @MM Digital Solutions Company မှာ Android App တွေ iOS App တွေကို အဓိကထားရေးသားရတဲ့ Mobile Developer တစ်ယောက်အနေနဲ့ လုပ်ကိုင်နေသူဖြစ်ပါတယ် ။
Ko Thet Tun
Full Stack Developer at MM Digital Solutionsကိုသက်ထွန်းက iOS FTC မှာ Swift ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဖို့ အပိုင်း ၊ iOS Persistence Layer တစ်ခု တည်ဆောက်မှု အပိုင်းနဲ့ ရှိနေတဲ့ option တွေ ၊ Local Notification populate လုပ်တဲ့ အပိုင်းနဲ့ cloud messaging အပိုင်း တွေ ၊ XCTest Framework ကို အသုံးပြုပြီး iOS development အတွက် Unit Testing / UI Testing တွေကို automate ပြုလုပ်ပုံ အပိုင်းတွေ နဲ့ ကိုယ်ရေးထားတဲ့ iOS App တစ်ခုကို App Store မှာ publish လုပ်နိုင်ဖို့ အပိုင်း ဆောင်ရန် ရှောင်ရန် တွေကိုပါ ပါဝင် သင်ကြားသွားမှာ ဖြစ်ပါတယ်။ ဒါ့ပြင် သူက ပြီးခဲ့တဲ့ WWDC မှာ ကြေငြာသွားတဲ့ Swift UI အပိုင်း App Porting အပိုင်းတွေမှာပါ ပါဝင် မျှဝေပေးသွားမှာဖြစ်ပါတယ် ။
Ko Zaw Htet Naing
Senior Mobile Developer at MM Digital Solutionsကိုဇော်ထက်နိုင်ဟာ ကိုယ်တိုင်က PADC Android Course ကနေ Outstanding အဖြစ်နဲ့ သင်တန်းဆင်းခဲ့သူဖြစ်ပြီး လက်ရှိ @MM Digital Solutions Company မှာ Android App တွေ iOS App တွေကို အဓိကထားရေးသားရတဲ့ Mobile Developer တစ်ယောက်အနေနဲ့ လုပ်ကိုင်နေသူဖြစ်ပါတယ် ။ သူ့ရဲ့ Mobile Application Development Skills ကို လက်ရှိ Beta အနေနဲ့ release လုပ်ထားတဲ့ @Fungry.AI App (Android / iOS) မှာ အမြင်သာဆုံး တွေ့မြင်နိုင်ပါတယ် ။
Ko Thet Hlaing
Senior Director, Web and Infrastructure at MM Digital Solutionsကိုသက်လှိုင် ဟာ Web Technologies တွေကို အသုံးပြုပြိး Professional Developer / Architect တစ်ယောက် အဖြစ် ရပ်တည်နေတာ ဆယ်စုနှစ် တစ်စုစာ ရှိပြီ ဖြစ်ပြီး မြန်မာနိုင်ငံကို 2018 နှစ်လည်ပိုင်းလောက်က ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါတယ် ။ လက်ရှိမှာ MM Digital Solutions Co., Ltd မှာ Senior Director အနေနဲ့ တာဝန်ယူနေပြီး အဲဒါ မတိုင်ခင်မှာ Singapore နိုင်ငံ CordLife Company Ltd မှာ Senior Software Developer အဖြစ် ၄ နှစ်ကျော် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ် ။
Ko Aung Pyae Phyo
Founder, Chief Course Creator of PADC.com.mm. Founder, Chief Executive Officer of the MM Digital Solutions. More than a decade experience in digital solutions development.ကိုအောင်ပြည့်ဖြိုး ဟာ Mobile App Development (Android + iOS) ကို ၂၀၁၂ ခုနှစ်ကတည်းက စတင် လုပ်ကိုင်နေသူဖြစ်တယ်။ သူဟာ Aleph Digital Agency (https://aleph-labs.com) နဲ့ Silicon Valley-backed Startup ဖြစ်တဲ့ HonestBee (https://honestbee.com) တို့မှာ Senior Mobile App Developer အဖြစ် စုစုပေါင်း ၃ နှစ်ခန့် လုပ်ကိုင်ခဲ့သူဖြစ်တယ်။ ၂၀၁၆ နှစ်ဆန်းမှာ ရန်ကုန်မှာ ပြန် အခြေချခဲ့ပြီး သူ့ရဲ့ mobile app development နဲ့ ဆိုင်တဲ့ အတွေ့အကြုံတွေ product design နဲ့ ဆိုင်တဲ့ အတွေ့အကြုံတွေနဲ့ product development (+DevOpts) နဲ့ ဆိုင်တဲ့ အတွေ့အကြုံတွေကို local developer community ကို ပြန် share ပေးနိုင်ဖို့ စိတ်အားထက်သန်သူ ဖြစ်ပါတယ်။