Home > Lecturers > Ko Ye Paye Sone Tun
Ko Ye Paye Sone Tun

Ko Ye Paye Sone Tun

Designer at MM Digital Solutions
PADC က မိတ်ဆက်ပေးချင်တဲ့ နောက်ထပ် Lecturer တစ်ယောက်ကတော့ ကိုရဲပြည့်စုံထွန်း ဖြစ်ပါတယ် ။ သူကတော့ Batch-9 ရဲ့ Android FTC မှာ ၁) အခြေခံကျကျ ကြေကြေညက်ညက် ကျွမ်းကျင်နေဖို့ လိုအပ်တဲ့ Component အမျိုးအစား ၇ ခု အပိုင်း ၊ ၂) MVP Framework ကို ဘာကြောင့် အသုံးပြုသင့်တယ် ဆိုတာနဲ့ setup ပြုလုပ် အသုံးပြုပုံ အပိုင်း ၊ ၃) ပုံစံမျိုးစုံနဲ့ ရှိနေတဲ့ Google Play Servicesတွေ အပိုင်းနဲ့ ၄) Google Play Developer Console ကို အသုံးပြုနိုင်မဲ့ ပုံစံ အပိုင်း တွေကို Course Creator ကိုအောင်ပြည့်ဖြိုး အတူ တွဲဖက်ပြီး ပါဝင် သင်ကြားသွားမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူက Android Development အတွက် Latest Trends တွေဖြစ်တဲ့ Jetpack Compose လို ၊ download ဆွဲစရာမလိုဘဲ စမ်းအသုံးပြုနိုင်တဲ့ Instant App တည်ဆောက်မှုအပိုင်းနဲ့ ပတ်သတ်တာတွေမှာပါ အခြား Lecturer တွေနဲ့ အတူ ပါဝင်မျှဝေ ပေးသွားဦးမှာပါ ။