Home > Articles > I am new to mobile development. Should I learn / use javascript framework ? == Hell NO !!!

I am new to mobile development. Should I learn / use javascript framework ? == Hell NO !!!

I am new to mobile development. Should I learn / use javascript framework ? == Hell NO !!!

Ko Aung Pyae Phyo | 29 September, 2020

Article Description

ကျွန်တော်က အခုမှ mobile application development (Android / iOS) စလုပ်မလို့ပါ ။ အဲဒါ native နဲ့လုပ်ရင် app တစ်ခုကို ၂ ခါ develop လုပ်နေရတယ် .. javascript framework နဲ့ရေးရင် တစ်ခါပဲ .. ပိုသင့်တော်တယ် လို့ ပြောနေကြတယ် .. အဲဒါ အစ်ကို ဘယ်လိုမြင်လဲ သိချင်လို့ပါ ။

 

အမေး ။ ဟုတ်ကဲ့ ၊ ကျွန်တော်က အခုမှ mobile application development (Android / iOS) စလုပ်မလို့ပါ ။ အဲဒါ native နဲ့လုပ်ရင် app တစ်ခုကို ၂ ခါ develop လုပ်နေရတယ် .. javascript framework နဲ့ရေးရင် တစ်ခါပဲ .. ပိုသင့်တော်တယ် လို့ ပြောနေကြတယ် .. အဲဒါ အစ်ကို ဘယ်လိုမြင်လဲ သိချင်လို့ပါ ။

 

၁ ။ ကိုယ့် Application ရဲ့ user experience က တခြား လူသုံးများတဲ့ Application ရဲ့ user experience နဲ့ တချို့ တူသင့်တဲ့ နေရာတွေမှာ ကွာခြားနေခြင်း ။

 

၂ ။ သုံးတဲ့ javascript framework (ReactNative) က support လုပ်ပေးတဲ့ platform (Android, iOS) ရဲ့ အသစ်ထွက် feature တွေ ui pattern တွေကို လိုက်ပြီး support လုပ်ပေးမဲ့ အချိန် နဲ့ ။

 

၃ ။ mobile application ရေးဖို့အတွက် စလေ့လာတဲ့ လူတစ်ယောက်အနေနဲ့ လေ့လာရတဲ့ ပမာဏ များခြင်း (web development နဲ့ပတ်သတ်ပြီး အတိုင်းအတာ တစ်ခုအထိ အတွေ့အကြုံရှိရပါမယ် ၊ ရွေးချယ်လိုက်တဲ့ framework ကို လေ့လာရပါမယ် ၊ moblie platform တွေအတွက် ပြန် deploy လုပ်နိုင်ဖို့ android ဆိုလဲ android နဲ့ပတ်သတ်တာကို high level လောက် ပြန်လေ့လာရပြန်ပါတယ်)

 

ကျွန်တော် Singapore မှာတုန်းက Major Bank နှစ်ခုရဲ့ Mobile Banking Project တွေမှာ Android Developer အနေနဲ့ contribute လုပ်ဖူးပါတယ် ။ ဟိုမှာ အသွားများတဲ့ approach က တစ်ချို့ screen တွေကို native နဲ့ရေးပြီး တစ်ချို့ screen တွေကို (user experience ကို သိပ်အလေးထားစရာမလိုတဲ့ ၊ changes တွေ ခဏခဏ ဖြစ်လေ့ရှိတဲ့အတွက် binary re-deploy မလုပ်ဘဲ changes ပြုလုပ်လိုတဲ့ screen တွေကို) html နဲ့ရေးတာပါ ။ Native development က ခက်လို့မဟုတ်ပါဘူး ။

 

အဲဒီတော့ ကိုယ့်လူက အခုမှ mobile application development ကို အခုမှ စလေ့လာမယ် ။ serious ဖြစ်တဲ့ mobile app တွေလဲ ရေးချင်တယ် ။ native platform က ထွက်သမျှ api အသစ်တွေ ui pattern အသစ်တွေနဲ့လဲ မစိမ်းချင်ဘူး ဆိုရင် (iOS ပဲဖြစ်ဖြစ် ၊ Android ပဲဖြစ်ဖြစ်) native development ကို ပဲ လုပ်ပါ။

 

javascript နဲ့ရေးလို့ code base တစ်ခုပဲ ရှိမယ် ပိုရေးရတာလွယ်မယ် ပို maintain လုပ်ရတာ လွယ်မယ် လို့ ယောင်လို့တောင် မတွေးပါနဲ့ ။ တကယ် serious application တွေ ရေးတဲ့အခါကျရင် ကြုံရတဲ့ edge case တွေ specific problem တွေအတွက် အထောက်အကူအဖြစ်ဆုံး ဖြစ်တဲ့ community ရဲ့ size မှာ Android / iOS community နဲ့ javascript framework တစ်ခုခုရဲ့ community sizeဘယ်လိုမှ မယှဉ်နိုင်အောင် ကွာလွန်းပါတယ် ။ ဒါကွာခြားချက် နံပါတ် ၁ ပဲရှိပါသေးတယ် ။

 

javascript framework နဲ့ serious mobile app တစ်ခု အပြည့်အစုံရေးနိုင်ဖို့ web ဘက်ကိုလဲ အတိုင်းအတာတစ်ခု အထိကျွမ်းကျင်တဲ့ native mobile app development ကိုလဲ အတိုင်းအတာတစ်ခုအထိ တီးခေါက်မိတဲ့ လူမျိုးလိုပါတယ် ။ ကိုယ် ့ လူက အခုမှ စလေ့လာမယ်ဆိုရင် အဲဒီလိုလူမျိုးက ကိုယ့်လူ မဟုတ်ပါဘူး ။

 

စလေ့လာဖို့အတွက် resource အရေအတွက်ခြင်းယှဉ်မယ်ဆိုရင်တောင် Android / iOS က resource တွေနဲ့ javascript framework တစ်ခုရဲ့ resource နဲ့ ဘယ်လိုမှကို ယှဉ်မရတာပါ ။

 

ကဲ အဲဒီတော့ မဆိုင်တာတွေနဲ့ ခေါင်းရှုပ်ခံပြီး ဘာလုပ်ရမလဲ တွေဝေမနေပါနဲ့ ။ ကိုယ့်လူက web development / javascript နဲ့ပတ်သတ်ပြီး သိပ်မကျွမ်းကျင်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်တယ် ဆိုရင် ကိုယ်လုပ်ချင်တဲ့ mobile platform နဲ့ ပတ်သတ်တာတွေကို native ဘက်ကနေပဲ စပြီး လေ့လာပါ ။

Assets