Picking the RIGHT class for your choice of learning domain

Ko Aung Pyae Phyo | 29 September, 2020
Article Description
ပညာရပ် တစ်ခုခုနဲ့ ပတ်သတ်ပြီး လေ့လာချင်သူ (သင်တန်းတက်လိုသူ) တွေ အနေနဲ့ “ဘယ်သင်တန်းတက်ရမလဲ” “ဘယ်သင်တန်းက အမှန်တကယ် တတ်အောင် သင်မှာလဲ” သတာတွေဟာ အမြဲတမ်း ခေါင်းစားစရာ စဉ်းစားစရာတွေပါပဲ ။ ပေါ်ပင်သင်တန်းတစ်ခုကို ရွေးချယ်မိတာက မိမိရဲ့ အချိန်ရော ငွေကိုပါ ဖြုံးတီးရာကျစေသလို ပညာရပ်ပေါ် မြင်တဲ့ အမြင်နဲ့ လေ့လာလိုစိတ်တွေကိုပါ ထိခိုက်စေမှာ ဖြစ်တဲ့ အတွက် ကျွန်တော်သင်တန်းတွေ ရှာဖွေ တက်ရခဲ့စဉ်တုန်းက approach လေးကို မျှဝေချင်ပါတယ် ။ နည်းနည်းဖြစ်ဖြစ် အထောက်အကူဖြစ်မယ် ယူဆပါတယ် ။
၁။ ကိုယ်က ရွေးချယ်ထားတဲ့ ပညာရပ်ထဲက ဘယ်အစိတ်အပိုင်း တွေကို တတ်မြောက်ချင်တာလဲ ဆိုတာကို သေချာစဉ်းစားပြီး ချရေးထားဖို့ လိုအပ်ပါတယ် ။ End Goal ဆိုပါတော့ ။ ဘာတွေ လုပ်တတ်ချင်တာလဲ ။ ကိုယ်က အလုပ် position တစ်ခုခုမှာ ဝင်လုပ်ချင်တာ ဆိုရင်လဲ အဲဒီ position အတွက် ဘာတွေ လုပ်တတ်ဖို့ လိုအပ်လဲ ဆိုတာမျိုး ။
ကိုယ်က ဒါကို သေချာရှင်းရှင်းလင်းလင်း မသိရင် သိမယ် ယူဆသူတွေကို ချဉ်းကပ်မေးမြန်းပါ ။ မေးတဲ့ အခါမှာလဲ တစ်ယောက်တည်းကို မမေးပါနဲ့ ။ ၄ ၅ ယောက်မေးပါ ။ Google search ကနေ How to become **** စသည်ဖြင့်နဲ့ ရှာပါ ။ ဒါမှ ကိုယ့်ဘာသာ ကိုယ် ပြန်ချင့်ချိန်နိုင်မှာ ဖြစ်ပါတယ် ။
၂။ ရွေးချယ်ထားတဲ့ ပညာရပ်အတွက် လက်ရှိ ကိုယ့် တတ်မြောက်မှု level ကို သတ်မှတ်ပါ ။ ဘယ်လောက်လောက်သိပြီလဲ ဘာတွေလုပ်တတ်ပြီလဲ စသည်ဖြင့် ဆိုပါတော့ ။ ဒာလဲ ချရေးထားဖို့ လိုအပ်ပာတယ် ။
၃။ လက်ရှိ ကိုယ့်တတ်မြောက်မှု level ကနေ ကိုယ့်ရဲ့ end goal ကို ရောက်နိုင်ဖို့ အဆင့် ဘယ်နှစ်ဆင့်နဲ့ သွားရမလဲ ဆိုတာကို သတ်မှတ်ရပါမယ် ။ ကိုယ်က Software Architect တစ်ယောက်ဖြစ်ချင်တယ် ။ လက်ရှိမှာတော့. Programming Language တစ်ခုခုရဲ့ basic building block (loop, conditions, statements, etc) လောက်က်ုပဲ ကျွမ်းကျင်သေးတယ် ဆိုရင် End Goal အတွက် ကြားထဲမှာ stage တွေက တဟ်ခုထက်ပိုပြီး ရှိနေမှာ ဖြစ်ပါတယ် ။
၄။ ကြားထဲမှာ ရှိတဲ့ intermediate stage တစ်ခုချင်းစီအတွက်လဲ ဘယ်အဆင့်မှာဆို ဘာတွေ တတ်နေရမယ် ဆိုတာကို သတ်မှတ်ထားဖို့ လိုအပ်ပါတယ် ။ ဒာမှ ကိုယ်က learning process အရ အဆင့်တစ်ခုချင်းစီ တိုးတက်လာသလား ဆိုတာကို ပြန်တိုင်းတာနိုင်မှာ ဖြစ်ပါတယ် ။ ဒီနေရာမှာ အဆင့်တစ်ခုချင်းသီအတွကါ ကိုယ်သတ်မှတ်တဲ့ skill တွေက အနည်းငယ်လွဲချော်ချင်လွဲချော်နိုင်ပါတယ် ။ ဒါက အရေးမကြီးပါဘူး ။ တဖြည်းဖြည်း ပိုပို တတ်မြောက်လာရင်း skills to verified ကို iterate and update ပြန်လုပ်ယူရမှာ ဖြစ်ပါတယ် ။
၅။ ဒီအဆင့်မှာမှ သင်တန်းတွေကို စစုံစမ်းရမှာ ဖြစ်ပါတယ် ။ ဈေးကွက်မှာ ရှိနေတဲ့ သင်တန်းတွေရဲ့ Syllabus အပေါ်မူတည်ပြီး ကိုယ်ရဲ့ intermediate stage တစ်ခုဟာ သင်တန်းတစ်ခုဖြစ်နိုင်သလို သင်တန်း ၂ ခုဟာ stage ၂ ခုလောက်ကို ကိုယ်စားပြုနေတာလဲ ဖြစ်နိုင်ပါတယ် ။ အဲဒါကြောင့် သင်တန်းတစ်ခုကို စုံစမ်းတဲ့ အခါမှာ
- ဘယ်သူသင်မှာလဲ (ကြေငြာထားတဲ့ ဆရာက ပထမပိုင်း ၂ ချိန်လောက်သင်ပြီး Shadow ကပဲ ကျန်တာတွေကို သင်သွားမှာလား)
- - ဘယ်လိုပုံစံနဲ့ သင်မှာလဲ (Lecture, Tutorials, Projects)
- - ဘာတွေသင်မှာလဲ (Syllabus – ဖြစ်နိုင်ရင် သင်တန်းအတွက် အသုံးပြုတဲ့ စာအုပ်တွေပါ တောင်းကြည့်တာမျိုး)
- - သင်ပြီးရင် ကိုယ် သတ်မှတ်ထားတဲ့ skills to verified ထဲက ဘာတွေ တတ်လာမယ် ဆိုတာကို သင်တန်းသင်မဲ့ ဆရာနဲ့ confirm လုပ်တာမျိုး
- စတဲ့ အချက်တွေနဲ့ စုံစမ်းရပါမယ် ။
အရေးကြီးတဲ့ အချက်ဖြစ်တဲ့ အတွက် အပေါ်မှာ ပြောခဲ့ ပြီးသားကိုပဲ ထပ်ပြောပါရစေ ။ ပေါ်ပင်သင်တန်းတစ်ခုကို ရွေးချယ်မိတာက မိမိရဲ့ အချိန်ရော ငွေကိုပါ ဖြုံးတီးရာကျစေသလို ပညာရပ်ပေါ် မြင်တဲ့ အမြင်နဲ့ လေ့လာလိုစိတ်တွေကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ် ။
၆။ ဒါကတော့ ကိုယ့်ကိုယ်ကို ပြန်ပြီး verify လုပ်ရမဲ့ အဆင့်ပါ ။ အပေါ်က အချက်တွေအပေါ်မူတည်ပြီး ရွေးချယ်လိုက်တဲ့ သင်တန်းကို တတ်ဖို့ ကိုယ့်မှာ လုံလောက်တဲ့ အချိန်ရှိလား ။ လိုအပ်တဲ့ အင်အားစိုက်ထုတ်မှုတွေ ပေးနိုင်မလား ။ ကိုယ့်ကိုယ်ကို ရိုးသားဖို့ လိုပါတယ် ။ သင်တန်းအများစုဟာ သင်တန်း အချိန်လေးပဲ သွားတတ်ရုံနဲ့ တကယ် မတတ်မြောက်နိုင်ပါဘူး ။ after class hour / efforts တွေကပဲ “အမှန်တကယ် တတ်မြောက်သွားတယ်” ဆိုတာနဲ့ “နည်းနည်းတော့ ကြားဖူးနားဝရရှိသွားတယ်” ဆိုတဲ့ end result ၂ ခုကို သတ်မှတ်သွားတာ ဖြစ်ပါတယ် ။
အချုပ်အနေနဲ့ ပြောရရင် ပညာရပ်အများစုဟာ သင်တန်းတစ်ခုတည်း တတ်ရုံနဲ့ (one-stop class) ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်သွားတယ် ဆိုတာမျိုး မရှိနိုင်ပါဘူး (ဝရိမ်ဆော်တဲ့ ပညာမျိုးကလွဲရင် ဆိုပါတော့) ။
ဒာကြောင့် ပညာရပ်တစ်ခုမှာ ကိုယ်ဘာသာ လေ့လာနိုင်လောက်အောင် (self study) အခြေခံပိုင်းဆိုင်ရာတွေ မကျွမ်းကျင်သေးခင်အထိ တဆင့်ချင်းစီမှာ မှန်ကန်တဲ့ သင်တန်းကို ရွေးချယ်မိဖို့က ကိုယ့်ရဲ့ အနာဂတ် professional career အတွက် ကိုယ်ယူရမဲ့ ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ် ။ ဒီအပေါ်က အဆင့် ၆ ဆင့်က မှန်ကန်တဲ့ သင်တန်းရွေးချာ်ရာမှာ အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ် ။
Regards,