Home > Articles > “ဘယ်သူတွေက သုံးကြမှာလဲ” (၁)

“ဘယ်သူတွေက သုံးကြမှာလဲ” (၁)

“ဘယ်သူတွေက သုံးကြမှာလဲ” (၁)

Ko Aung Pyae Phyo | 30 September, 2020

Article Description

ကိုယ်က (Digital) Product တစ်ခု တည်ဆောက်ဖို့ Idea ကောင်းတစ်ခု ရလာပြီလို့ ခံစားရတဲ့အချိန်မှာ ပထမဦးဆုံး နဲ့ အရေးအကြီးဆုံး အနေနဲ့ အဖြေရှာရတာက “ဘယ်သူတွေက သုံးကြမှာလဲ” ဆိုတာ ဖြစ်ပါတယ် ။ 

ကိုယ်က (Digital) Product တစ်ခု တည်ဆောက်ဖို့ Idea ကောင်းတစ်ခု ရလာပြီလို့ ခံစားရတဲ့အချိန်မှာ ပထမဦးဆုံး နဲ့ အရေးအကြီးဆုံး အနေနဲ့ အဖြေရှာရတာက “ဘယ်သူတွေက သုံးကြမှာလဲ” ဆိုတာ ဖြစ်ပါတယ် ။ အဲဒီလို အဖြေရှာတဲ့အခါမှာ အများစုက “သက်လက်ပိုင်း ခေတ်ပညာတတ် လခစား အလုပ်တစ်ခုခုကို လုပ်နေတဲ့ အမျိုးသမီးတွေ” ဆိုတဲ့ ပုံစံမျိုးနဲ့ အဖြေပေးမိတတ်ကြပါတယ် ။

 

ဒီလို ပုံစံနဲ့ ပေးတဲ့အဖြေမျိုးကို Demographics ရှုထောင့်ကနေ ပေးတဲ့ အဖြေမျိုးလို့ သတ်မှတ်နိုင်ပြီး ကိုယ့်ရဲ့ Product နဲ့ ဘယ်လို ဆက်စပ်မှု ရှိမယ် ဆိုတာက (တနည်းအားဖြင့် ဘာကြောင့် ကိုယ့် Product ကို သူတို့က သုံးရမလဲ ဆိုတာက) ဝေဝေဝါးဝါး ဖြစ်နေတာကို သတိထားမိနိုင်ပါတယ် ။

 

“ဘယ်သူတွေက သုံးမှာလဲ” ဆိုတဲ့ မေးခွန်းကို ပိုပြီးတိတိကျကျ အဖြေရနိုင်ဖို့ အတွက်ဆိုရင် ပထမဦးဆုံး Need-based ရှုထောင့်ကနေ အရင်ချဉ်းကပ်ကြည့်ဖို့ လိုအပ်ပါမယ် ။ Need-based ဆိုတာ “ဘယ်လို လိုအပ်ချက်မျိုး ရှိနေတဲ့ လူတွေလဲ” ဆိုတာကို အဓိကထားပြီး အဖြေရှာတာ ဖြစ်ပါတယ် ။ ဥပမာ Product Idea က “CCTV Camera တည်ဆောက်ဖို့” ဆိုပါတော့ ။ Need-based ရှုထောင့်ကနေ စဉ်းစားမယ် ဆိုရင် အသုံးပြုမဲ့လူတွေက “တစ်နေရာရာမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို video အနေနဲ့ မှတ်တမ်းတင်ထားဖို့ လိုအပ်သူတွေ” ဆိုပြီး သတ်မှတ်နိုင်ပါတယ် ။ အဲဒီလို သတ်မှတ်လိုက်မယ်ဆိုရင် “ဘာကြောင့်သုံးမယ်” ဆိုတာကပါ နည်းနည်းပိုပြီး ရှင်းလင်းလာတာ တွေ့ရပါလိမ့်မယ် ။

 

အဲဒီကနေ တဆင့်တက်စဉ်းစားမယ် ဆိုရင် “အရောင်းကောင်တာမှာ မတော်တဆ အလစ်သုတ်ခံရတဲ့အခါမှာ video မှတ်တမ်း ရှိနေဖို့ လိုအပ်သူတွေ” ၊ “ကိုယ် အပြင်သွားတဲ့ အချိန်မှာ ရောက်နေတဲ့ နေရာကနေ အိမ်ကို Mobile Phone ကနေတဆင့် ပြန်ကြည့် လိုသူတွေ” ၊ “ဂိုဒေါင်ရဲ့ ထောင့်ပေါင်းစုံမှာ ထူးခြားတဲ့ အရိပ်အခြေရှိမရှိ ဆိုတာကို ဖျက်ကနဲ ကြည့်ရုံနဲ့ သိဖို့ လိုအပ်သူတွေ” ၊ “ကိုယ့်ကားကို မောင်းနေတဲ့ အချိန်အတွင်း အရှေ့ဖက် ၊ အနောက်ဖက်တွေမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကို temporary video record ပြုလုပ်ထားဖို့ လိုအပ်သူတွေ” ဆိုပြီး ပို အသေးစိတ်ကျကျ သရုပ်ခွဲနိုင်မှာ ဖြစ်ပါတယ် ။

 

ခုနတုန်းကလို “သက်လက်ပိုင်း ခေတ်ပညာတတ် လခစား အလုပ်တစ်ခုခုကို လုပ်နေတဲ့ အမျိုးသမီးတွေ” ဆိုတဲ့ demographics ပုံစံမျိုးကို နောက်တစ်ဆင့် တက် စဉ်းစားမယ် ဆိုရင် “သက်လက်ပိုင်း ဆိုတာက ဘယ်လောက်ကနေ ဘယ်လောက်အထိလဲ ၊ ဥပမာ 27 ကနေ 35 ဆိုရင် ဒါဆို 36 ကိုရော ဘာလို့ ထည့်စဉ်းစားလို့ မရတာလဲ” ဆိုတာမျိုး ၊ “လခစား” ဆိုရင် “အိမ်က စတိုးဆိုင်ကို ကူထိုင်ပေးနေပြီး အသုံးလိုရင် လိုသလို ယူသုံးနေတဲ့ သူတွေကိုရော ထည့်လို့ မဖြစ်ဘူးလား” ဆိုတာမျိုး ၊ တဆင့်တက်ကာမှ ပိုပြီး မရှင်းသွားဘဲ ပိုရှုပ်သွားတယ် (ပိုလုံးထွေးသွားတယ်) ဆိုတာမျိုးကို ကြုံတွေ့ရမှာ ဖြစ်ပါတယ် ။

 

“ဘယ်သူတွေက သုံးကြမှာလဲ” ဆိုတာ (Digital) Product တစ်ခုအတွက် Target User / Customer ဆိုတဲ့ အပိုင်းကို အ‌ဖြေရှာတာ ဖြစ်ပြီး အဲဒီ Target User / Customer အပိုင်းကိုပဲ Market လို့လဲ သုံးနှုံးကြတာကို တွေ့ရပါတယ် ။ (ဒီနေရာမှာ Market ဆိုတာ သိမ်ကြီးစျေး ၊ မင်္ဂလာစျေး စတဲ့ “စျေး” ဆိုတဲ့ သဘောကို ပြောတာ မဟုတ်ဘဲ “A group of users with simialr or identical needs” ဆိုတဲ့ သဘောကို ရည်ရွယ်တာ ဖြစ်ပါတယ် ။

 

ဒီလို Market ကို ရှုထောင့်မျိုးစုံက သရုပ်ခွဲတာကို Market Segmentation လို့ သုံးနှုံးပါတယ် (အပေါ်မှာတော့ “ဘယ်လို လိုအပ်ချက်မျိုး ရှိနေတယ်” ဆိုတဲ့နေရာတစ်ခုတည်းကသာ သရုပ်ခွဲရပါသေးတယ်) ။

(Digital) Product သမားတစ်ယောက်အနေနဲ့ အရေးကြီးတဲ့ Market Segmentation Techniques ၃ မျိုးကို ကျွမ်းကျင်ဖို့ လိုအပ်ပါတယ် ။ အဲဒါတွေက

1) Need-based (အပေါ်မှာ ရှင်းပြီး)
2) Behavioral နဲ့
3) Psychographics တို့ ဖြစ်ကြပါတယ် ။

 

အဲဒီ ၃ ခုကို အခြေခံပြီးမှပဲ consumer-facing ဆိုရင်လဲ demographics ၊ business-facing ဆိုရင်လဲ firmographies တွေကို ပြန်ကောက်ချက်ချ ယူမှ ပိုပြီး ကိုက်ညီမှုရှိတဲ့ market segment ကို ရရှိနိုင်မှာ ဖြစ်ပါတယ် ။

Assets