Home > Articles > Digital Learning Experience တည်ဆောက်သည် ဆိုရာတွင်

Digital Learning Experience တည်ဆောက်သည် ဆိုရာတွင်

Digital Learning Experience တည်ဆောက်သည် ဆိုရာတွင်

Ko Aung Pyae Phyo | 30 September, 2020

Article Description

Online Learning System တစ်ခု တည်ဆောက်တဲ့အခါမှာ အရေးအကြီးဆုံး စဥ်းစားဆုံးဖြတ်ရတာ တစ်ခုက “ဘယ်လို အလုပ်လုပ်ပုံတွေ ပါဝင်မှာလဲ” ဆိုတာ ဖြစ်ပါတယ် ။

Online Learning System တစ်ခု တည်ဆောက်တဲ့အခါမှာ အရေးအကြီးဆုံး စဥ်းစားဆုံးဖြတ်ရတာ တစ်ခုက “ဘယ်လို အလုပ်လုပ်ပုံတွေ ပါဝင်မှာလဲ” ဆိုတာ ဖြစ်ပါတယ် ။

 

ဒါကို System တစ်ခုလုံးစာအတွက် ဆုံးဖြတ်ရသလို ၊ Playback လို Discussion Board လို အစိတ်အပိုင်း တစ်ခုချင်းအတွက်လဲ ဆုံးဖြတ်ရပါတယ် ။

 

သင်ကြားသင်ယူမှု ပုံစံတွေ အများကြီးရှိတဲ့အတွက် ကိုယ့် System မှာ ပါဝင်လာမဲ့ အလုပ်လုပ်ပုံတွေက ကိုယ်ရည်ရွယ်တဲ့ သင်ကြားသင်ယူမှု ပုံစံကို အထောက်အကူပေးနိုင်ဖို့ သိပ်ကို အရေးကြီးပါတယ် ။

 

Navigation ပုံစံကအစ ကျောင်းသားတွေ လေ့လာနိုင်မဲ့ ပုံစံအဆုံး ကိုယ်ရည်ရွယ်တဲ့ သင်ကြားသင်ယူမှု ပုံစံအတွက် ကိုက်ညီမှု ရှိနေစေဖို့ လိုအပ်ပါတယ် ။ ကိုယ်က လေ့လာမဲ့လူကို ကြိုက်တဲ့ Course တွေ ရွေးပြီး ကြိုက်တဲ့ အချိန်မှာ ကိုယ့်ဘာသာ လေ့လာစေချင်တာလား ၊ Class တစ်ခုပုံစံ enroll လုပ်ပြီး အချိန်နဲ့ လေ့လာ အချိန်နဲ့ Assignment တင်စေချင်တာလား ၊ Semester တစ်ခုစာ နှစ်သက်ရာ ဘာသာတွေကို ရွေးချယ်လေ့လာပြီး အကုန်ံလုံးပြန်စုပေါင်းပြီးတော့ Milestone တစ်ခုချင်းစီ အကောင်အထည်ဖော်စေချင်တာလား ဆိုတာကို သေသေချာချာ အဖြေရှာထားဖို့ လိုအပ်ပါတယ် ။

 

ဒါမှပဲ ကိုယ်လိုချင်တဲ့ System အတွက် Vendor ဒါမှမဟုတ် ရှိပြီးသား Software တစ်ခုခုကို ရွေးချယ်တဲ့ အခါမှာ ဘယ်နေရာတွေမှာ ဘယ်လို ကိုက်ညီမှု ရှိပြီး ဘယ်နေရာတွေမှာတော့ သိပ်ကိုက်ညီမှု မရှိဘူး ဆိုတာကို သုံးသပ် နိုင်မှာ ဖြစ်ပါတယ် ။

 

အခုလို Covid-19 Crisis ကာလမှာ ကျောင်းအများစုဟာ Online Learning အပိုင်းကို ပုံစံတစ်မျိုး မဟုတ်တစ်မျိုး သုံးပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြပါတယ် ။ တစ်ချို့ကလဲ Facebook Group က Live လွှင့်တာမျိုးတွေ ၊ Zoom တို့ Microsoft Team တို့ကို သုံးပြီး Meeting Room Streaming ကို စာသင်တဲ့ ပုံစံမျိုးနဲ့ လုပ်ကြတာမျိုးတွေ ၊ တစ်ချို့ကလဲ Messenger / Viber ကနေ Video Call ခေါ်တဲ့ပုံစံမျိုးတွေနဲ့ သင်ကြားမှု အဆက်မပြတ်သွားအောင် ကျားကန်ကြပါတယ် ။

 

ဒါဟာ ရေတိုကာလအတွက် အထောက်အကူ ပြုပေမဲ့ ရေရှည်မှာ အမှန်တကယ် Sustainable ဖြစ်တဲ့ Digital Learning Experience မျိုး ၊ Digital Education မျိုးကိုတော့ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး ။

 

ရေရှည်အတွက် အမှန်တကယ် Sustainable ဖြစ်တဲ့ Digital Learning Experience မျိုး ၊ Digital Education မျိုး တည်ဆောက်ဖို့အတွက် ရည်ရွယ်တယ်ဆိုရင်တော့ သင်ကြားသင်ယူမှု အပိုင်းရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတွေက အစ ၊ ဦးဆောင်သူတွေရဲ့ တွေးပုံခေါ်ပုံစဥ်းစားပုံတွေ အဆုံးအထိကို Digital Mindset တွေ ၊ Digital Operation ပုံစံမျိုးတွေ ဖြစ်လာစေဖို့ အရင်စပြီး အချိန်ပေး Adjust ပြုလုပ်ဖို့ သင့်ပါတယ် ။

 

လက်ရှိ လည်ပတ်ပုံမှာ ထစ်သွားတဲ့ နေရာကို နည်းပညာတစ်ခုခု သုံးပြီး ဖာလိုက်ထေးလိုက်ရုံနဲ့ Digital Transformation ဖြစ်မသွားနိုင်ပါဘူး ။

 

Incremental ပြောင်းလဲတယ် ဆိုတဲ့နေရာမှာလဲ တွေးပုံခေါ်ပုံ စဥ်းစားပုံက စပြီး လုပ်ငန်း တစ်ခုလုံးစာ အတွက် Holistic View ကိုပါ နည်းပညာ Backbone အပေါ်အခြေခံတဲ့ ပုံစံကို အရင် ပြောင်းလဲ ယူနိုင်မှသာ လုပ်ငန်းအစိတ်အပိုင်းတစ်ခုချင်းစီကို နည်းပညာ အားပြု လည်ပတ်တဲ့ ပုံစံကို ပြောင်းလဲတဲ့အခါမှာ အချိတ်အဆက်မိတဲ့ Transformation ပုံစံ ဖြစ်လာနိုင်မှာဖြစ်ပါတယ် ။

 

ဒါဟာ တခြား Industry တွေ ၊ လုပ်ငန်းတွေမှာ Digital Transformation ပြုလုပ်သလိုပါပဲ ။

 

Online Learning အတွက် Dedicated Enabler Service တစ်ခုခုကို သုံးပြီး အကောင်အထည်ဖော်တဲ့ နေရာမှာလဲ (ကိုယ် အကောင်အထည်ဖော်လိုတဲ့ သင်ကြားသင်ယူမှု ပုံစံနဲ့ ကိုက်ညီမှု ရှိစေဖို့ အတွက်) လေ့လာသူတွေအနေနဲ့
A) ဘယ်လို Information မျိုးတွေ ၊ Content မျိုးတွေကို
B) ဘယ်လိုနေရာတွေကနေ
C) ဘယ်လို ပုံစံတွေနဲ့ Access လုပ်လို့ ရမယ် ၊
D) ဘယ်လို Action တွေကို ပြုလုပ်လို့ ရနိုင်ဖို့ လိုမယ်
ဆိုတာကို အသေးစိတ်ခွဲခြား သုံးသပ်နိုင်စေမှာ ဖြစ်ပါတယ် ။

 

 

အကြမ်းဖျဥ်းအနေနဲ့ ပြောရမယ် ဆိုရင်
၁) Search ကို ဘယ်လို ပြုလုပ်နိုင်ဖို့ လိုအပ်မယ်
၂) ကိုယ်ပိုင် / လက်ရှိလေ့လာနေတဲ့ Class တွေ Course တွေကို ဘယ်လို ပုံစံ Access ပြုလုပ်လို့ ရမယ်
၃) Notification က ဘယ်လို ပုံစံနဲ့ ဘယ်လို Action တွေ လုပ်နိုင်နေဖို့ လိုမယ်
၄) လေ့လာသူတွေရဲ့ Progress တွေ Track တွေ ကို ဘယ်လို ပြပေးနိုင်မယ်
၅) Self-Pace, Class, Coach, Discussion Board တွေမှာ အရေးကြီးတဲ့ KPI တွေက ဘာတွေ ဖြစ်မယ်
၆) Video Tutorial တွေ ၊ Live Session တွေ ၊ ဖတ်ရမဲ့ Content တွေမှာ အရေးကြီးတဲ့ Aspect တွေက ဘာတွေဖြစ်မယ်
စတာတွေ ဖြစ်ပါတယ် ။

 

 

ဆရာနဲ့ ကျောင်းသား လူချင်းမတွေ့နိုင်လို့ Internet ကနေ Video Call နဲ့ စကားပြောတဲ့ ပုံစံမျိုးလောက်နဲ့ (သူ့နေရာနဲ့ သူ အသုံးဝင်နိုင်ပေမဲ့) Digital Learning Experience ကို provide လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး ။ စစ်မှန်တဲ့ Digital Education ကို provide လုပ်ပေးနိုင်ဖို့အတွက် ဆိုရင် ဒီထက်ပို လေးလေးနက်နက် စဥ်းစားဖို့ လိုအပ်ပါမယ် ။

 

ရေရှည်မှာ (အထူးသဖြင့် Post-Covid Period မှာ) ဒီလိုမျိုး လေးလေးနက်နက် စဥ်းစား အကောင်အထည်ဖော်ထားတဲ့ Digital Education System တွေကပဲ Traditional Brick & Motor School တွေကို take over ပြုလုပ်သွားမယ်လို့ ယုံကြည်မိပါတယ် ။

 

 

 

 

Assets